Quantcast
Channel: ချစ်ကြည်အေး
Viewing all articles

11Jan2023

$
0
0

 ဒီတ​ခေါက် ခရီးသွားရတာ စီစဥ်ပြီးသားမို့သာ သွားခဲ့ရတယ်။ ​နေမ​ကောင်း​တော့ စိတ်မကြည်သလို လူကလည်း နုန်းတယ်။ မနက်ဆို အဖျားကျပြီး လူက အားမရှိသလို ​မောလှိုက်​နေကာ ည​နေပိုင်းဆို ၄နာရီ​ကျော်တာနဲ့ အဖျားက တက်လာပြီ။ ဒီလိုနဲ့ အစားလည်း စားချင်စိတ်မရှိဘဲ လူက ​ပေါ့လှပ်လှပ်ကြီး ဖြစ်​နေတာ။

မနက်ဖြန် ပြန်မယ်ဆို ဒီ​နေ့လိုမနက်မှာ မထူးဘူးကွာဆိုပြီး ပင်လယ်ထဲ တနာရီ​ကျော် ​ရေဆင်းစိမ်ပစ်လိုက်တယ်။ အဲ့ကတည်းက ည​နေ အဖျားပြန်မတက်​တော့ဘဲ လူလည်း ​နေရတာနည်းနည်း​လန်းသွားတယ်။ 

ကျန်းမာခြင်းဟာ လာဘ်ကြီးတပါးဆိုတာ အသက်က​လေးရလာ​တော့ ပိုသိသာခံစားလာရတယ်။ 

​နေ့ရက်​တွေတိုင်းဟာ အရင်လို့ ​မ​ပေါ့ပါးဘူး...။

အဖျားပြန်တက်လာတဲ့ည​နေ​တွေမှာ ဟိုတယ်အခန်းထဲ​အောင်းပြီး အိပ်ရာ​ပေါ် ပန်းချီထိုင်ဆွဲ​နေခဲ့တာပဲ။ ​နောက်မှ တင်တာ​ပေါ့...။

​နေမ​ကောင်းခင်တရက်က ရိုက်ဖြစ်တဲ့ပုံ​တွေ အရင်တင်မယ်​လေ...။







Cka


Viewing all articles
Browse latest Browse all 382

Trending Articles